🔥ဘာကြောင့် Pitch လုပ်ခြင်းဟာ အရေးကြီးတာလဲ🔥



ဖက်ရှင်လောကမှာ အောင်မြင်မှုဆိုတာ လှပတဲ့ ဒီဇိုင်းတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ အဲ့ဒီ့ဒီဇိုင်းနောက်ကွယ်က ပုံပြင်၊ စိတ်ကူး၊ ရည်ရွယ်ချက်ကသာ ကိုယ့်ရဲ့ အမှတ်တံဆိပ်ကို လူတွေရဲ့ နှလုံးသားထဲမှာ ထာဝရစွဲမြဲနေအောင် လုပ်ပေးနိုင်တာပါ။

ဒီနေ့ဆွေးနွေးကြမယ့် အကြောင်းအရာက ကိုယ့်ရဲ့ ဖက်ရှင်အမှတ်တံဆိပ်အတွက် “Pitch” လုပ်ခြင်း၊ ဒါမှမဟုတ် ကိုယ့်အမှတ်တံဆိပ်ကို ထိထိရောက်ရောက် တင်ဆက်ပြောဆိုခြင်း အကြောင်းပဲဖြစ်ပါတယ်။ ဖက်ရှင်ဒီဇိုင်း ဘာသာရပ်ကို သင်ယူနေတဲ့ ကိုယ့်အတွက် ဒါဟာ အင်မတန် အရေးကြီးတဲ့ စွမ်းရည်တစ်ခုဖြစ်ပါတယ်။

ဘာကြောင့် Pitch လုပ်ခြင်းဟာ အရေးကြီးတာလဲ။

ကိုယ့်အနေနဲ့ ဒီဇိုင်းတွေ ဖန်တီးပြီးပြီ၊ စုစည်းမှု တွေလည်း ထွက်လာပြီဆိုရင် အဲဒါတွေကို ဘယ်သူမှ မသိဘဲ အောင်မြင်မှုကို ဘယ်လိုရမှာလဲ။ကိုယ့်ရဲ့ ဒီဇိုင်းတွေဟာ ပန်းချီကားတစ်ချပ်လိုပါပဲ။ အနုပညာရှင်ကသူ့ရဲ့ပန်းချီကားကို ပြခန်းမှာ ပြသပြီး ကြည့်ရှုသူတွေကို သူ့စိတ်ကူး၊ သူ့ခံစားချက်တွေ ပြောပြသလိုပဲ၊ ကိုယ့်ရဲ့ ဖက်ရှင်အမှတ်တံဆိပ်ကိုလည်း ကမ္ဘာကြီးကို ပြောပြရမှာဖြစ်ပါတယ်။

Pitchလုပ်တယ်ဆိုတာ ကိုယ့်ရဲ့ ဖက်ရှင်အမှတ်တံဆိပ်ရဲ့ ဝိသေသလက္ခဏာ၊ ရည်ရွယ်ချက်နဲ့ တန်ဖိုးတွေကို ရင်းနှီးမြှုပ်နှံသူတွေ၊ ဝယ်ယူသူတွေ၊ မီဒီယာတွေ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ ဖောက်သည်ဖြစ်လာနိုင်သူတွေဆီကို စိတ်ဝင်တစားဖြစ်အောင် ရှင်းပြတင်ဆက်တာကို ဆိုလိုပါတယ်။

ဒါဟာ ကိုယ့်ရဲ့ အမှတ်တံဆိပ်ကို အခြားသူတွေနဲ့ ကွဲပြားခြားနားအောင်၊ ဆွဲဆောင်မှုရှိအောင် ဖန်တီးနိုင်တဲ့ အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။ကောင်းမွန်တဲ့ Pitch တစ်ခုမှာ ဘာတွေ ပါဝင်သင့်လဲ။ကောင်းမွန်တဲ့ Pitch တစ်ခုဆိုတာ သေသေချာချာ စနစ်တကျ ပြင်ဆင်ထားရပါတယ်။ အောက်ပါအချက်တွေဟာ အမှတ်တံဆိပ်တင်ဆက်ခြင်းရဲ့ အဓိက အုတ်မြစ်တွေပဲဖြစ်ပါတယ်။

1. ကိုယ်ဘယ်သူ့ကို ပြောနေတာလဲ (Know Your Audience)

ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ Pitch ကို ဘယ်သူ့အတွက် တင်ဆက်မှာလဲဆိုတာ သေချာသိရပါမယ်။· ရင်းနှီးမြှုပ်နှံသူလား။ (သူတို့က ရင်းနှီးမြှုပ်နှံမှုပြန်အမြတ်အစွန်းကို စိတ်ဝင်စားပါလိမ့်မယ်)· ဝယ်ယူသူလား။ (သူတို့က ကိုယ့်ရဲ့ ထုတ်ကုန်ရဲ့ ရောင်းအားအလားအလာ၊ ပစ်မှတ်အမျိုးအစားကို စိတ်ဝင်စားပါလိမ့်မယ်)· မီဒီယာလား။ (သူတို့က ကိုယ့်ရဲ့ ပုံပြင်၊ ဆန်းသစ်မှုနဲ့ ခေတ်ရေစီးကြောင်းကို စိတ်ဝင်စားပါလိမ့်မယ်)ပရိသတ်အလိုက် ကိုယ့်ရဲ့ စကားပြောဟန်၊ အလေးပေးပြောဆိုမယ့် အချက်တွေ ပြောင်းလဲရပါမယ်။

2. ကိုယ့်ရဲ့ အမှတ်တံဆိပ် ပုံပြင် (The Brand Story)

လူတိုင်းက ပုံပြင်တွေကို ကြိုက်ကြပါတယ်။ ကိုယ့်ရဲ့ အမှတ်တံဆိပ် ဘယ်လိုစတင်ခဲ့လဲ၊ ဘာကြောင့် စတင်ခဲ့လဲ၊ ဘယ်လို စိတ်ကူးတွေကနေ ဖြစ်ပေါ်လာတာလဲ ဆိုတာကို ပြောပြပါ။· ဥပမာ- “ကျောင်းသားဘဝတုန်းက ဝတ်ဆင်တဲ့ အဝတ်အစားတွေဟာ အရည်အသွေးမကောင်းဘဲ ခဏအတွင်း ပျက်စီးသွားတာမျိုး ကြုံရတော့ ကိုယ်တိုင် ရေရှည်ခံမယ့်၊ အရည်အသွေးမြင့်တဲ့ အဝတ်အစားတွေကို ဖန်တီးချင်လာတယ်”· ဒီအမှတ်တံဆိပ်က ဘယ်လို ပြဿနာကို ဖြေရှင်းပေးမှာလဲ။

(ဥပမာ- ရေရှည်တည်တံ့မှုမရှိတဲ့ ဖက်ရှင်ပြဿနာ၊ သီးသန့်အရွယ်အစားလိုအပ်ချက်၊ သဘာဝပတ်ဝန်းကျင်အပေါ်သက်ရောက်မှု)· ကိုယ့်ရဲ့ အမှတ်တံဆိပ်ရဲ့ ရည်မှန်းချက်၊ ပန်းတိုင်က ဘာလဲ။

3. ထူးခြားတဲ့ အမှတ်တံဆိပ် (Your Unique Selling Proposition – USP)

ကိုယ့်ရဲ့ အမှတ်တံဆိပ်ကို အခြားသူတွေနဲ့ ဘာက ကွဲပြားအောင် လုပ်ပေးလဲ။ ဒါဟာ ကိုယ့်ရဲ့ အဓိက အားသာချက်ပါ။· ကုန်ကြမ်းပစ္စည်းး လား။ (ဥပမာ- ဒေသထွက်ဝါဂွမ်းစစ်စစ်၊ သဘာဝဆိုးဆေး၊ ပြန်လည်အသုံးပြုထားသော ပစ္စည်းများ)· လက်ရာ လား။ (ဥပမာ- လက်ချုပ်ထိုး၊ ရိုးရာရက်ကန်း)· ဒီဇိုင်းဒဿန လား။ (ဥပမာ- အကျဉ်းရုံးဝါဒ၊ လိင်ပိုင်းဆိုင်ရာမခွဲခြားသော ဖက်ရှင်၊ ရေရှည်တည်တံ့သောဖက်ရှင်)· ကျင့်ဝတ်ဆိုင်ရာ လုပ်ဆောင်ချက်တွေ လား။ (ဥပမာ- တောင်သူလယ်သမားတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်မှု၊ အလုပ်သမားအခွင့်အရေး)

4.စုစည်းမှု/ထုတ်ကုန်များ (The Collection/Products)

ကိုယ် ဘာတွေ ဖန်တီးထားလဲဆိုတာကို အတိုချုပ် မိတ်ဆက်ပေးပါ။- အဓိက ဒီဇိုင်းတွေ၊ ပုံစံတွေ။- ဘယ်သူတွေအတွက်လဲ (ပစ်မှတ်ဈေးကွက်)။- ဒီဒီဇိုင်းတွေက ဘာကို ကိုယ်စားပြုလဲ။

5. ဈေးကွက်အခွင့်အလမ်း (Market Opportunity)

ကိုယ့်ရဲ့ ထုတ်ကုန်တွေအတွက် ဘယ်လို ဈေးကွက်အခွင့်အလမ်းတွေရှိလဲ။· ကိုယ့်ရဲ့ ဖောက်သည်က ဘယ်သူတွေလဲ။ သူတို့ရဲ့ အသက်အပိုင်းအခြား၊ စိတ်ဝင်စားမှု၊ လူနေမှုပုံစံ။· ဈေးကွက်ရဲ့ အလားအလာ၊ ဖွံ့ဖြိုးကြီးထွားနိုင်မှု။

6. အဖွဲ့/ကိုယ့်ကိုယ်ကို (Team/Yourself)

နောက်ဆုံးအနေနဲ့ ဒီအမှတ်တံဆိပ်ကို ဖန်တီးနေတဲ့သူက ဘယ်သူလဲဆိုတာ ပြောပြရပါမယ်။ ကိုယ့်ရဲ့ စွမ်းရည်၊ စိတ်အားထက်သန်မှု၊ အတွေ့အကြုံတွေဟာ အမှတ်တံဆိပ်ရဲ့ အောင်မြင်မှုအတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်ဘာကြောင့် ကိုယ်တို့က ဒီအမှတ်တံဆိပ်ကို အကောင်းဆုံး ဖန်တီးနိုင်တဲ့သူတွေ· ကိုယ့်ရဲ့ စိတ်အားထက်သန်မှု (Passion· ကျွမ်းကျင်မှု (Expertise)· အတွေ့အကြုံတွေ (Experience)· အဖွဲ့ဝင်တွေရှိရင် သူတို့ရဲ့ အားသာချက်တွေ။

7. လိုချင်တဲ့အရာ (The Ask / Call to Action)

ကိုယ် ဒီ Pitch ကို တင်ဆက်ပြီး ဘာကို လိုချင်တာလဲ။ ဒါကို ရှင်းရှင်းလင်းလင်း ပြောရမယ်· ရင်းနှီးမြှုပ်နှံမှုလား။ (ဘယ်လောက်၊ ဘာအတွက်)· ပူးပေါင်းဆောင်ရွက်မှုလား။ (ဘယ်လိုပုံစံမျိုး)· မီဒီယာ ကူညီမှုလား။ (ဘယ်လိုအမျိုးအစား)· ဝယ်ယူအားပေးဖို့လားအမှတ်တံဆိပ် တင်ဆက်မှု (Pitch Script) အကြမ်းဖျင်း ပုံကောင်းပြီ၊ ဒါဆိုရင် ဒီအချက်တွေကို ပေါင်းစပ်ပြီး ဘယ်လို Pitch လုပ်မလဲဆိုတာ ဇာတ်ညွှန်းလေးတစ်ခုလို မြင်ကြည့်ရအောင်။

၁။ စတင်ဆွဲဆောင်ခြင်း (The Hook) – (၁၅-၂၀ စက္ကန့်)¡ စိတ်ဝင်စားစရာ မေးခွန်း၊ အံ့အားသင့်စရာ အချက်အလက် ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာ ပုံပြင်တစ်ခုနဲ့။· ဥပမာ- “ဒီနေ့ခေတ် လူငယ်တွေဟာ ဖက်ရှင်ကို ကိုယ့်ရဲ့ ဝိသေသလက္ခဏာအဖြစ် ဘယ်လောက်အထိ အလေးထားတယ်ဆိုတာ သိကြလား။ ဒါပေမယ့် သူတို့လိုချင်တဲ့ စတိုင်၊ အရည်အသွေးနဲ့ တာရှည်ခံမှုကို ပေးစွမ်းနိုင်တဲ့ အမှတ်တံဆိပ်မျိုးက ရှားပါးနေတုန်းပါပဲ။

၂။ ပြဿနာ/အခွင့်အလမ်း (Problem/Opportunity) – (၃၀ စက္ကန့်)¡ လက်ရှိ ဈေးကွက်မှာ ဘယ်လိုလိုအပ်ချက် ဒါမှမဟုတ် ပြဿနာရှိလဲဆိုတာကို ဖော်ပြ။· ဥပမာ- “မြန်မာနိုင်ငံက ဖက်ရှင်ဈေးကွက်မှာ ခေတ်မီတဲ့ ဒီဇိုင်းတွေနဲ့ ဒေသခံလက်မှုပညာကို ပေါင်းစပ်ထားတဲ့ အမှတ်တံဆိပ်တွေဟာ ဈေးကွက်နေရာကောင်း ရနေပေမယ့် အရည်အသွေးပိုင်းမှာ တာရှည်မခံတာတွေ၊ စိတ်တိုင်းမကျစရာတွေ ရှိနေတုန်းပါပဲ။

၃။ ဖြေရှင်းချက် – ကိုယ့်ရဲ့ အမှတ်တံဆိပ် (Solution – Your Brand) – (၁ မိနစ်)¡ ကိုယ့်ရဲ့ အမှတ်တံဆိပ်က အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းပေးမှာလဲ၊ ဒါမှမဟုတ် ဘယ်လိုအခွင့်အလမ်းကို ဖမ်းဆုပ်မှာလဲဆိုတာ ရှင်းပြပါ။ ကိုယ့်ရဲ့ Brand Mission ကို ပြောပါ။· ဥပမာ- “ကိုယ့်တို့ရဲ့ ‘ရတနာ’ လို့ အမည်ပေးထားတဲ့ ဖက်ရှင်အမှတ်တံဆိပ်ဟာ မြန်မာ့ရိုးရာ ချည်သားနဲ့ ပိုးထည်တွေကို ခေတ်မီဒီဇိုင်းတွေနဲ့ ပေါင်းစပ်ပြီး အရည်အသွေးမြင့်မားတဲ့ ဖက်ရှင်တွေကို ဖန်တီးပေးဖို့ ရည်ရွယ်ပါတယ်။ ရတနာ ဟာ ရိုးရာအမွေအနှစ်ကို ထိန်းသိမ်းရင်း ခေတ်နဲ့အညီ ဝတ်ဆင်နိုင်တဲ့ ‘အနုပညာဆန်တဲ့ ဖက်ရှင်’ ကို ပုံဖော်ပေးမှာပါ။

၄။ ထုတ်ကုန်/စုစည်းမှု မီးမောင်းထိုးပြခြင်း (Product/Collection Highlights) – (၁ မိနစ်)¡ ကိုယ့်ရဲ့ အဓိက ထုတ်ကုန်တွေ၊ ဒီဇိုင်းတွေ၊ စုစည်းမှုတွေကို မိတ်ဆက်ပါ။ ထူးခြားချက်တွေကို မီးမောင်းထိုးပြပါ။ (ပုံများ၊ နမူနာများ ပြသနိုင်လျှင် ပိုကောင်· ဥပမာ- “ကိုယ့်တို့ရဲ့ ပထမဆုံး စုစည်းမှုဖြစ်တဲ့ ‘နန်းတွင်းဥယျာဉ်’ မှာ မြန်မာ့ပန်းချီဒီဇိုင်းတွေကို လက်နဲ့ ပန်းထိုးထားတဲ့ ပိုးဖဲချည်ထည် ၀တ်စုံလေးတွေ၊ ပိတ်ဖောက်ဒီဇိုင်း ခေတ်ဆန်ဆန် ဖန်တီးထားတဲ့ ခေတ်ပေါ် ၀တ်စုံလေးတွေ ပါဝင်ပါတယ်။ ဒီဝတ်စုံတွေဟာ ပွဲတက်ရော၊ နေ့စဉ်ဝတ်အတွက်ပါ သင့်တော်ပြီး ဝတ်ဆင်သူတိုင်းကို ထူးခြားတဲ့ ခံစားမှုကို ပေးစွမ်းမှာပါ။

၅။ ထူးခြားချက် (Differentiation) – (၄၅ စက္ကန့်)¡ ကိုယ့်ရဲ့ အမှတ်တံဆိပ်ကို တခြားသူတွေနဲ့ ဘယ်အရာက ကွဲပြားအောင် လုပ်ပေးလဲ။ ကိုယ့်ရဲ့ USP ကို ရှင်းရှင်းလင်းလင်း ပြောပါ။- ဥပမာ- “ကိုယ့်တို့ရဲ့ ‘ရတနာ’ ဟာ အရည်အသွေးမြင့် ကုန်ကြမ်းတွေကို ဒေသခံလက်မှုပညာရှင်တွေဆီကနေ တိုက်ရိုက်ဝယ်ယူပြီး Ethical Fashion ကို အလေးထားပါတယ်။ လက်မှုပညာရှင်တွေကိုလည်း တန်ဖိုးရှိတဲ့ အခကြေးငွေ ပေးချေပြီး မြန်မာ့လက်မှုပညာ ထွန်းကားရေးကို အားဖြည့်ပေးပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်တို့ရဲ့ ဖောက်သည်တွေဟာ အလှအပကို ဝတ်ဆင်ရုံသာမက လူမှုတာဝန်ယူမှု (Social Responsibility) ကိုပါ ထမ်းဆောင်ရာရောက်ပါတယ်။

၆။ စီးပွားရေးပုံစံ/မဟာဗျူဟာ (Business Model/Strategy) – (၃၀ စက္ကန့်)¡ ကိုယ့်ရဲ့ စီးပွားရေးပုံစံကို အတိုချုပ် ပြောပါ။ ဘယ်လို ဝင်ငွေရှာမလဲ၊ ဘယ်လို ကြီးထွားလာအောင် လုပ်မလဲ။· ဥပမာ- “ကိုယ့်တို့ဟာ Online Store နဲ့ Exclusive Pop-up Store တွေကနေတဆင့် ရောင်းချသွားမှာဖြစ်ပြီး နာမည်ကြီး ဖက်ရှင်ဘလော့ဂါတွေနဲ့ ပူးပေါင်းပြီး Market Share ကို တိုးချဲ့သွားမှာပါ။

၇။ လိုချင်သောအရာ (Call to Action) – (၂၀ စက္ကန့်)¡ ကိုယ် ဘာကို လိုချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပါ။· ဥပမာ- “ကိုယ့်တို့ ‘ရတနာ’ အမှတ်တံဆိပ်ကို ပိုမိုကျယ်ပြန့်တဲ့ ဈေးကွက်ဆီ ရောက်ရှိဖို့အတွက် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ရင်းနှီးမြှုပ်နှံမှု လိုအပ်ပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုဟာ နောက်ထပ် ၆ လအတွင်း ကိုယ့်တို့ရဲ့ ထုတ်လုပ်မှုစွမ်းအားကို ၂ ဆ တိုးမြှင့်နိုင်ပြီး မြန်မာ့ရိုးရာဖက်ရှင်ကို ကမ္ဘာအထိ ပို့ဆောင်ပေးနိုင်မှာပါ။”

၈။ မေးခွန်းများဖြေဆိုရန် ပြင်ဆင်ခြင်း (Q&A Prep)· ကိုယ့်ရဲ့ Pitch ပြီးရင် မေးခွန်းတွေ မေးလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အမှတ်တံဆိပ်၊ ဒီဇိုင်း၊ စီးပွားရေးအစီအစဉ်အကြောင်း အသေးစိတ်သိထားရပါမယ်။

လက်တွေ့ကျင့်သုံးဖို့ အကြံပြုချက်များ-

ယုံကြည်မှုနဲ့ စိတ်အားထက်သန်မှု (Confidence & Passion): ကိုယ့်ရဲ့ အမှတ်တံဆိပ်အပေါ်ထားရှိတဲ့ စိတ်အားထက်သန်မှုကို ပြသပါ။ မျက်လုံးချင်းဆုံပြီး ပြုံးရွှင်စွာ ပြောဆိုပါ။- ရှင်းလင်းပြတ်သားမှု (Clarity & Conciseness): တိုတိုရှင်းရှင်းနဲ့ အဓိကအချက်တွေကို ပြောပါ။ မလိုအပ်တဲ့ အသေးစိတ်တွေ ချန်ထားပါ။- မြင်သာအောင် ပြသခြင်း (Visual Aids): ကိုယ့်ရဲ့ ဒီဇိုင်းပုံတွေ၊ Lookbook၊ ဒါမှမဟုတ် တကယ့် ၀တ်စုံနမူနာလေးတွေကိုပါ ယူဆောင်သွားပြီး ပြသနိုင်ရင် အကောင်းဆုံးပါပဲ။

ဒါမှ ပရိသတ်က ကိုယ့်ရဲ့ ဒီဇိုင်းတွေကို ပိုပြီး မြင်ယောင်နိုင်မှာပါ။- လေ့ကျင့်ပါ၊ လေ့ကျင့်ပါ၊ ထပ်ပြီး လေ့ကျင့်ပါ (Practice, Practice, Practice): ကိုယ့်ရဲ့ Pitch ကို မှန်ရှေ့မှာဖြစ်ဖြစ်၊ သူငယ်ချင်းတွေရှေ့မှာဖြစ်ဖြစ် ထပ်ခါတလဲလဲ လေ့ကျင့်ပါ။ အချိန်ကိုက် လေ့ကျင့်ပါ။- တုံ့ပြန်မှု ရယူခြင်း (Feedback): သူငယ်ချင်းတွေ၊ ဆရာတွေဆီကနေ ကိုယ့်ရဲ့ Pitch အတွက် အကြံပြုချက်တွေ၊ ဝေဖန်မှုတွေ တောင်းခံပါ။လက်တွေ့ဘဝ ဥပမာလေးတစ်ခုဆရာတို့ရဲ့ ကျောင်းသားဟောင်းတစ်ယောက် ဟာ သူမရဲ့ ဖက်ရှင်အမှတ်တံဆိပ် ‘မြန်မာ့ဂုဏ်’ ကို စတင်တုန်းက တော်တော်လေး အခက်အခဲတွေ ရှိခဲ့ပါတယ်။

သူမဟာ မြန်မာ့ရိုးရာ ထိုးဖောက်ဒီဇိုင်းတွေကို ခေတ်မီတဲ့ ၀တ်စုံတွေအဖြစ် ဖန်တီးချင်ခဲ့တာ။ဒါပေမယ့် သူမရဲ့ ဒီဇိုင်းတွေက ကောင်းပေမယ့် ဘယ်လို ရင်းနှီးမြှုပ်နှံမှု ရှာရမလဲ မသိဘူး။ သူမကို ဆရာက Pitching အကြောင်း သေချာသင်ပေးခဲ့တယ်။ သူမဟာ မြန်မာ့ထိုးဖောက်ဒီဇိုင်းရဲ့ သမိုင်းကြောင်း၊ ဒီဇိုင်းတစ်ခုဖန်တီးဖို့ ဘယ်လောက်ကြာကြာ အချိန်ယူရတယ်၊ လက်မှုပညာရှင်တွေရဲ့ ကြိုးစားအားထုတ်မှု စတာတွေကို ပုံပြင်တစ်ပုဒ်လို ပြောပြတယ်။နောက်ဆုံးမှာတော့ သူမရဲ့ စိတ်အားထက်သန်မှုနဲ့ ပြည့်စုံတဲ့ Pitch က စီမံခန့်ခွဲသူတစ်ဦးကို စိတ်ဝင်စားသွားစေခဲ့ပြီး သူမရဲ့ အမှတ်တံဆိပ်အတွက် ရင်းနှီးမြှုပ်နှံမှု ရရှိခဲ့ပါတယ်။ အခုဆိုရင် သူမရဲ့ ‘မြန်မာ့ဂုဏ်’ ဟာ ပြည်တွင်းမှာတင်မက ပြည်ပဈေးကွက်အထိပါ ထိုးဖောက်နိုင်နေပြီ။ ဒီဥပမာက ကိုယ့်ရဲ့ Pitch မှာ ပုံပြင်တစ်ပုဒ်က ဘယ်လောက်အစွမ်းထက်လဲဆိုတာ ပြသနေတာပဲ။

နိဂုံးချုပ်အနေနဲ့ဖက်ရှင်လောကဟာ အင်မတန် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ နေရာပါ။ ဒါပေမယ့် ကိုယ့်မှာ ထူးခြားတဲ့ စိတ်ကူးတွေ၊ ဒီဇိုင်းတွေရှိသလို ကောင်းမွန်တဲ့ တင်ဆက်မှုစွမ်းရည် (Pitching Skills) ပါရှိမယ်ဆိုရင် ကိုယ့်ရဲ့ အိပ်မက်တွေဟာ လက်တွေ့ဖြစ်လာနိုင်ပါတယ်။ကိုယ့်ရဲ့ အမှတ်တံဆိပ်ဟာ ကိုယ့်ရဲ့ ရောင်ပြန်ဟပ်မှုတစ်ခုပဲ။ ဒီတော့ အဲဒီ့ရောင်ပြန်ဟပ်မှုကို ကမ္ဘာကြီး မြင်အောင်၊ နားလည်အောင်၊ ချစ်မြတ်နိုးအောင် ကိုယ်တိုင်က ထိထိရောက်ရောက် တင်ဆက်ပြောဆိုနိုင်ရပါမယ်။ အားလုံးပဲ အကောင်းဆုံး ကြိုးစားကြပါ။