5-8 Looks Capsule Collection ကို ဘယ်လိုဖန်တီးပြီး ဖက်ရှင်လောကကို လှုပ်ခတ်စေမလဲ ?


Fashion show တစ်ခုအတွက်၊ ဒါမှမဟုတ် Own Brand တစ်ခု စတင်ဖို့ ရာနဲ့ချီတဲ့ ဒီဇိုင်းတွေ ဖန်တီးဖို့ မလိုပါဘူးဆိုရင် အံ့သြကြမှာလား? ဒါမှမဟုတ် ကိုယ့်ဖန်တီးမှုတွေကို ပိုပြီး မှတ်မိလွယ်၊ ပိုပြီး ဆွဲဆောင်မှုရှိစေဖို့ လျှို့ဝှက်နည်းလမ်းတစ်ခု ရှိတယ်ဆိုရင်ရော စိတ်ဝင်စားကြမှာလား? 

ဟုတ်ပါတယ်၊ ရှိပါတယ်။ အဲဒါကတော့ “Capsule Collection” လို့ခေါ်တဲ့ Fashion Design တွေကို စုစည်းပြီး ဖန်တီးခြင်းဘဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အမ ရဲ့ ကျောင်းသူ လေးတွေအားလုံး ကိုယ့်ရဲ့ ပထမဆုံး Fashion Designer ဘဝအတွက် အရေးကြီးတဲ့ ဒီ “5-8 Looks Capsule Collection” ကို ဘယ်လိုဖန်တီးပြီး Fashion လောကကို လှုပ်ခတ်စေမလဲဆိုတာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။


Fashion လောကမှာ Capsule Collection ဆိုတာ တကယ်တော့ အဓိကကျတဲ့ အဝတ်အစားအနည်းငယ်ကို ရွေးချယ်ပြီး အဲဒီအဝတ်အစားတွေကိုပဲ အမျိုးမျိုး ရောနှောဖန်တီးဝတ်ဆင်နိုင်အောင် ပြုလုပ်ထားတဲ့ Collection လေးတွေပါ။ 

(1) ဘာလို့ 5 ခုကနေ 8 ခုပဲ ကန့်သတ်ထားရတာလဲဆိုတော့ အဓိကအားဖြင့် အချက် ၃ ချက် ရှိပါတယ်။

1.အာရုံစူးစိုက်မှုပိုရရှိစေခြင်း (Focus & Impact)

      Design အရေအတွက် နည်းတဲ့အတွက် Designer အနေနဲ့ တစ်ခုချင်းစီကို အသေးစိတ် အချိန်ပေးပြီး Quality အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်လို့ပါ။ Customer တွေအနေနဲ့လည်း Design တွေ အများကြီးကြားမှာ ပျောက်မသွားဘဲ၊ အဓိကကျတဲ့ ဒီဇိုင်းတွေကို မှတ်မိလွယ်စေပါတယ်။

      2. လက်တွေ့ကျခြင်း (Practicality for New Designers)

        အထူးသဖြင့် အခုမှ စတင်သူ Designer တွေအတွက် ကုန်ကျစရိတ်၊ အချိန်နဲ့ လုပ်အားကို သက်သာစေပါတယ်။ အကြီးစား Collection တွေ ဖန်တီးဖို့ ငွေကြေးနဲ့ အရင်းအမြစ် အများကြီး မရှိသေးတဲ့အခါ Capsule Collection က အကောင်းဆုံး စတင်တဲ့ နည်းလမ်းပါ။

        3. စွယ်စုံသုံးနိုင်ခြင်း (Versatility & Storytelling)

          Capsule Collection ရဲ့ အနှစ်သာရက အဝတ်အစားတစ်ခုကို ပုံစံမျိုးစုံ ဝတ်ဆင်နိုင်တာပါ။ ဒီ 5-8 Look ဆိုတဲ့ ကန့်သတ်ချက်က သင့်ကို ဒီဇိုင်းတစ်ခုချင်းစီရဲ့ စွယ်စုံသုံးနိုင်စွမ်း (Versatility) ကို ပိုပြီး အသားပေး ဖန်တီးဖို့ တွန်းအားပေးပါတယ်။

          ဥပမာ- Shirt တစ်ထည်ကို Pant နဲ့လည်း ဝတ်လို့ရမယ်၊ Skirt နဲ့လည်း လိုက်ဖက်မယ်၊ Jacket နဲ့လဲဝတ်လို့ရမယ် စသဖြင့်ပေါ့။

          (2) How to Create a 5-8 Look Capsule Collection That Slays (အောင်မြင်ကျော်ကြားမယ့်ဒီဇိုင်းစုဖန်တီးခြင်း)

          ဒီတော့ ဒီလိုအရေးပါတဲ့ Collection ကို ဘယ်လိုစတင် ဖန်တီးကြမလဲဆိုတာ အဆင့်ဆင့် လေ့လာကြည့်ရအောင်။

          Step 1 – စိတ်ကူးစိတ်သန်းရှာဖွေခြင်းနှင့် Concept Development (Finding Your Inspiration & Concept Development)

          1. စတင်ခြင်း (The Spark): “ဘယ်ကနေ စရမှန်း မသိဘူး တီချယ်” လို့ ပြောဖူးတဲ့ ကျောင်းသူ တွေကို အမအမြဲပြောချင်တာက ကိုယ့်ဘေးပတ်ဝန်းကျင်ကို သေချာကြည့်ပါ။ သဘာဝတရားလား၊ ရှေးဟောင်းပစ္စည်းတွေလား၊ ခေတ်ပေါ် အနုပညာလား၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုလား၊ ဒါမှမဟုတ် ကိုယ် အားကျတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးရဲ့ ဘဝနေထိုင်မှုပုံစံလား။ ဘယ်အရာက ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို လှုပ်ရှားစေလဲ။
          1. Mood Board ဖန်တီးခြင်း (Creating a Mood Board): ကိုယ် ရွေးချယ်ထားတဲ့ စိတ်ကူးနဲ့ ပတ်သက်တဲ့ ပုံတွေ၊ Color ၊ Fabrics ၊ Keywords တွေကို စုစည်းပြီး Mood Board တစ်ခုကို အရင် ဖန်တီးပါ။ ဒီ Mood Board က သင့် Collection ရဲ့ အနှစ်သာရ (Essence) နဲ့ ခံစားမှု (Mood) ကို ဖော်ပြပါလိမ့်မယ်။

          ဥပမာတစ်ခုပြောပြရရင် – အမရဲ့ ကျောင်းသူ “Yu Par” ဟာ “Summer Escape” ဆိုတဲ့ Fashion design Concept တစ်ခုကို ဖန်တီးခဲ့တယ်။ ဒီအယူအဆက သူမရဲ့ ကိုယ်တွေ့အတွေ့အကြုံအနေနဲ့ ဒီနှစ် ပူလွန်းတဲ့ နွေရာသီမှာ ခံစားရတဲ့ ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေကနေ စိတ်ကူးရလာတာဘဲဖြစ်ပါတယ်။ နွေရာသီရဲ့ ပူနွေးမှုကြောင့် “နည်းနည်းတော့လည်းအနားယူချင်တယ်၊သက်သောင့်သက်သာရှိချင်တယ်” ဆိုတဲ့ ခံစားချက်က သူမရဲ့ ဒီဇိုင်းတွေအတွက် အဓိကConcept တစ်ခုဖြစ်လာခဲ့တယ်။

          သူမရဲ့ “Summer Escape Collection” မှာတော့ ပူလောင်တဲ့ နွေရာသီထဲက သက်တောင့်သက်သာဖြစ်စေမယ့် အရာတွေအနေနဲ့ ပင်လယ်ကမ်းခြေမှာ လမ်းလျှောက်ခြင်း၊ လေတိုက်သံ၊ နူးညံ့တဲ့အထည်များ စတဲ့ Idea တွေကို အဓိကအခြေခံထားတယ်။

          Step 2 – ပစ်မှတ်ထားသောဝယ်သူ (Target Audience) ကိုသတ်မှတ်ခြင်း

          • ဘယ်သူတွေအတွက်လဲ?
          • ဘယ်လိုလူမျိုးတွေအတွက် ဖန်တီးနေတာလဲ?
          • အသက်၊ အလုပ်အကိုင်၊ နေထိုင်မှုပုံစံ၊ စတိုင်နဲ့ လိုအပ်ချက်တွေက ဘာတွေလဲ? 

          ဥပမာ- ရုံးတက်သူတွေလား၊ ခရီးသွားလာသူတွေလား၊ အနုပညာသမားတွေလား။ ဒီမေးခွန်းတွေက ကိုယ့်ရဲ့ ဒီဇိုင်းဦးတည်ချက်ကို ပိုပြီး ရှင်းလင်းစေပါလိမ့်မယ်။

          ဥပမာအနေနဲ့ – Yu Par ရဲ့ Collection ဟာ အသက် 20 မှ 35 ကြားအမျိုးသမီးများ ကို အဓိကထားတယ်။ ရုံးတက်သူတွေ၊ Freelancer တွေ၊ Art-related job လုပ်သူတွေအတွက် သက်တောင့်သက်သာဖြစ်အောင် ဒီဇိုင်းထားတယ်။ Yu Par ရဲ့ Fashion style ကတော့ “Soft, Relaxed & Effortlessly Elegant ” ဖြစ်ပြီး၊ ပူလောင်တဲ့ရာသီမှာတောင် သက်သာအေးချမ်းစေမယ့် Fabric Selection နဲ့ Color Palette တွေကို အသုံးပြုထားတယ်။ Yu Par ရဲ့ “Summer Escape” ဟာ ပူလောင်မှုထဲမှာတောင် သက်တောင့်သက်သာဖြစ်မှုကို ရှာဖွေနိုင်တဲ့ မိန်းကလေးတွေအတွက် ဖန်တီးထားတဲ့ Collection ဖြစ်ပြီး၊ simple life, soft emotion, peaceful style ကို အဓိကထားတဲ့ ဒီဇိုင်နာတစ်ဦးရဲ့ gentle vision ကို ဖော်ပြထားတယ်။ 

          Step 3 – အရောင် Palette ရွေးချယ်ခြင်း (Curating Your Color Palette)

          1. သဟဇာတဖြစ်ခြင်း (Harmony): ကိုယ့် Mood Board နဲ့ ကိုက်ညီတဲ့ အရောင်အနည်းငယ်ကို ရွေးချယ်ပါ။ အများဆုံး 3 -5 ရောင်လောက်ဆို လုံလောက်ပါတယ်။ ဒီအရောင်တွေက Collection ထဲက အဝတ်အစားအားလုံးနဲ့ တစ်ခုနဲ့တစ်ခု ရောစပ်ဝတ်ဆင်တဲ့အခါ လိုက်ဖက်ညီနေရမယ်။
          1. Neutral Colors: အဖြူ၊ အနက်၊ မီးခိုး၊ Beige လိုမျိုး Neutral အရောင်တွေကို အခြေခံအရောင်အဖြစ် သုံးပြီး၊ Bold / Accent Colors တစ်ရောင်နှစ်ရောင်နဲ့ အသက်သွင်းပေးနိုင်ပါတယ်။

          ဥပမာ- Yu Par ရဲ့ “Summer Escape” Collection မှာတော့ ပူပြင်းတဲ့နွေရာသီရဲ့ သက်သာအေးချမ်းမှုကို ဖော်ပြဖို့အတွက် White cream beige နဲ့ ပင်လယ်အပြာဖျော့ဖျော့ တို့ကို အဓိကထားခဲ့တယ်။ အဲ့ဒီအရောင်တွေအပေါ်မှာ နူးညံ့တဲ့ sand tone ကိုပေါင်းထည့်ပြီး နွေရာသီရဲ့ တိတ်ဆိတ်အေးချမ်းတဲ့ mood ကို ဖန်တီးခဲ့တယ်။

          Step 4 – ပိတ်စနှင့်ပုံစံများရွေးချယ်ခြင်း (Fabric & Silhouette Selection)

          1. Fabric Choices : ကိုယ့်ရဲ့ Concept နဲ့ Target Audience နဲ့ လိုက်ဖက်မယ့် Fabrics တွေကို ရွေးချယ်ပါ။ ဝတ်ဆင်ရလွယ်ကူမှု၊ ထိန်းသိမ်းရလွယ်ကူမှု၊ ရာသီဥတု၊ sustainability စတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားပါ။ ဥပမာ- နွေရာသီ Collection ဆိုရင် Cotton၊ Linen၊ Cotton silk တို့လို လေဝင်လေထွက်ကောင်းတာမျိုး။ ဆောင်းရာသီဆိုရင် Wool ၊ felt စတာမျိုးပေါ့။
          1. Silhouettes: Concept နဲ့ ကိုက်ညီတဲ့ Silhouettes 2-3 ခုလောက်ကို သတ်မှတ်ပါ။ ဥပမာ- A-line skirt, straight-leg pants, oversized shirt စသဖြင့်။ ဒီ Silhouettes တွေက Collection ထဲက တခြားအဝတ်အစားတွေနဲ့ လိုက်ဖက်ညီပြီး အမျိုးမျိုး ပေါင်းစပ်ဝတ်ဆင်နိုင်ရမယ်။

          ဥပမာ – Yu Par ရဲ့ “Summer Escape” Collection မှာ အသုံးပြုထားတဲ့ Fabric & Silhouette Selection မှာဆိုလည်း နူးညံ့ပြီး လေဝင်လွယ်တဲ့ ” Chiffon နဲ့ Cotton blend ” fabrics ကို အသုံးပြုပြီး ပူလောင်တဲ့ရာသီမှာတောင် သက်တောင့်သက်သာဖြစ်စေတယ်။

          Silhouettes အတွက်ကတော့ ” Loose-fit dresses, Flowy skirts, နဲ့ Soft ruffled details ” တွေကို အဓိကထားပြီး မိန်းကလေးတစ်ယောက်ရဲ့ သဘာဝအလှနဲ့ တိတ်ဆိတ်သော summer feeling ကို ဖော်ပြနိုင်အောင် ဒီဇိုင်းဖန်တီးထားတယ်။ 

          Step 5 – ဒီဇိုင်းဆွဲခြင်း (Sketching & Designing)

          1. စိတ်ကူးတွေကို အကောင်အထည်ဖော်ခြင်း: ကိုယ့်ရဲ့ Concept, Color Palette, Fabric နဲ့ Silhouette တွေကို အခြေခံပြီး စတင် ဒီဇိုင်းဆွဲပါ။ အစပိုင်းမှာ ခဲတံနဲ့ ပုံကြမ်းတွေ အများကြီး ဆွဲပါ။ 5-8 Look ဆိုတဲ့ ကန့်သတ်ချက်ကို မေ့ထားပြီး စိတ်ကြိုက်ဆွဲကြည့်ပါ။
          1. ပေါင်းစပ်မှုများ (Mix-and-Match): ဆွဲပြီးသား ဒီဇိုင်းတွေထဲက ဘယ်ဟာတွေကို ပေါင်းစပ်လိုက်ရင် အသွင်အပြင် အသစ်တွေ ရနိုင်မလဲဆိုတာ စဉ်းစားပါ။ ဒီအဆင့်မှာ ဒီဇိုင်းတွေကို အရောင်အမျိုးမျိုးနဲ့ စမ်းသပ်ကြည့်ပါ။

          “တီချယ်၊ သမီးဆွဲတာ ဒီဇိုင်း ၁၀ ခုကျော်သွားပြီ” လို့ တွေးမိရင် မစိုးရိမ်ပါနဲ့။ ဒါက ကောင်းတဲ့ လက္ခဏာပါ။ နောက်အဆင့်မှာ ဘယ်လို ပြန်ရွေးမလဲဆိုတာ အမ ပြောပြမယ်။

          Step 6 – စွယ်စုံသုံးနိုင်မှု (Versatility) ကိုအသားပေးခြင်း

          1. သော့ချက် (The Key): Capsule Collection ရဲ့ အောင်မြင်မှုက တစ်ထည်တည်းကို ပုံစံမျိုးစုံ ဝတ်လို့ရတဲ့ အပေါ်မှာ မူတည်ပါတယ်။ ကိုယ် ဒီဇိုင်းဆွဲထားတဲ့ Garment တစ်ခုချင်းစီကို အနည်းဆုံး ပုံစံ (၂) မျိုး (သို့) (၃) မျိုးလောက် ဝတ်ဆင်နိုင်ကြောင်း ပြသနိုင်ရမယ်။

          ဥပမာ – Yu Par ရဲ့ “Summer Escape” Collection မှာ ဒီဇိုင်းတွေကို မတူညီတဲ့ ဝတ်ဆင်ပုံ 6 မျိုးနဲ့ ပြသထားတယ်။ 

          Look 1 – Oversized Shirt & Relaxed Pants

          နွေရာသီမှာ သက်တောင့်သက်သာနေချင်သူအတွက် ဒီ look ဟာ ပူလောင်တဲ့အချိန်တောင် လွယ်ကူပြီး စတိုင်ရှိအောင် ပြသပေးတယ်။

          Look 2 – Short-Sleeve Blouse & Wide Pants

          မနက်အလုပ်သွားတဲ့နေ့မှာတောင် သက်သောင့် သက်သာရှိ ပြီး တင့်တယ်စွာ ပြသနိုင်တဲ့ Everyday Formal Look ဖြစ်တယ်။

          Look 3 – Flowy Top & Layered Maxi Skirt

          နူးညံ့တဲ့ chiffon top နဲ့ tiered skirt တွေက feminine နဲ့ romantic summer mood ကို ဖော်ပြတယ်။

          Look 4 – Ruffled Crop Top & Culotte Pants

          ရိုးရှင်းပေမဲ့ playful ဖြစ်တဲ့ look အပူထဲမှာတောင် fresh ဖြစ်နေစေတဲ့ modern resort outfit ပုံစံ။

          Look 5 – One-Shoulder Mini Dress

          ပင်လယ်ကမ်းခြေမှာ လှပစွာလှည့်လည်ချင်သူအတွက် perfect summer dress လေဝင်လွယ်ပြီး effortless beauty ကို ဖော်ပြတယ်။

          Look 6 – V-Neck Crop Top & Ruffle Hem Pants

          နူးညံ့ပြီး ခံစားမှုရှိတဲ့ feminine silhouette ဖြစ်ပြီး ရှင်းလင်းသန့်ရှင်းတဲ့ နွေရာသီအလှကို အထူးဖော်ပြပေးတယ်။

          Step 7 – ဒီဇိုင်းစုကိုပြန်လည်စိစစ်ခြင်းနှင့်တည်းဖြတ်ခြင်း (Refinement & Editing)

          1. ရွေးချယ်ခြင်း (The Selection): ခုနက “ဒီဇိုင်း ၁၀ ခုကျော်သွားပြီ” ဆိုတဲ့ ကျောင်းသူလေးတွေအတွက် ဒီအဆင့်က အရေးကြီးတယ်။ ကိုယ် ဒီဇိုင်းဆွဲထားတဲ့ ပုံကြမ်းတွေအားလုံးကို စားပွဲပေါ် ချပြီး အကောင်းဆုံး 5-8 ခုကို ရွေးထုတ်ပါ။
          2. မေးခွန်းများ (Key Questions):
          • ဒီဒီဇိုင်းတွေ တစ်ခုနဲ့တစ်ခု လိုက်ဖက်ညီရဲ့လား။
          • တစ်ထည်ချင်းစီက အနည်းဆုံး 2-4 မျိုးလောက် ဝတ်ဆင်လို့ ရရဲ့လား။
          • ဒီ 5-8 ထည်ပေါင်းစပ်လိုက်ရင် သင့် Collection ရဲ့ Concept ကို ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်လား။
          • လိုအပ်ရင် မလိုအပ်တဲ့ ဒီဇိုင်းတွေကို ဖြုတ်ပစ်ဖို့ ဒါမှမဟုတ် ရိုးရှင်းအောင် လုပ်ဖို့ မကြောက်ပါနဲ့။ “Less is more” ဆိုတဲ့ စကားကို မှတ်ထားပါ။

          Step 8 – တင်ဆက်မှု (Presentation) အားကောင်းစေခြင်း

          1. Portfolio: သင် ဖန်တီးထားတဲ့ အပေါ်က အချက်များကို Portfolio ထဲမှာ စနစ်တကျ ထည့်သွင်းပါ။ 
          • Mood Board
          • Concept Statement
          • Target Audience
          • Color Palette
          • Fabric Swatches
          • ဒီဇိုင်းပုံကြမ်းတွေ (technical flats, fashion illustrations)
          • နောက်ပြီး Lookbook (တစ်ထည်ချင်းစီကို ဘယ်လို ဝတ်ဆင်နိုင်တယ်ဆိုတာ ပြထားတဲ့ ပုံတွေ) တို့ ပါဝင်ရပါမယ်။
          1. Storytelling: ကိုယ့် Collection ရဲ့ နောက်ကွယ်က Story ကို ပုံပြင်ပြောသလို ပြောပြပါ။ 
          • ဘယ်လို စိတ်ကူးရတယ်
          • ဘာကြောင့် ဒီလို ဖန်တီးတယ်
          • ဘယ်သူတွေအတွက် ဖန်တီးတယ်ဆိုတာမျိုးပေါ့။ 

          ကောင်းမွန်တဲ့ Storytelling တစ်ခုက သင့် Collection ကို ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။

          ဥပမာ Yu Par ဆိုရင် သူရဲ့ “Summer Escape” Collection ကို Presentation လုပ်တဲ့အခါမှာ ဖန်တီးလာခဲ့တဲ့ အကြောင်းအရာနဲ့ စိတ်ခံစားချက်တွေကို အများကြီးသေချာ ပြောပြခဲ့တယ်။

          ဒီနှစ်ရဲ့ ပူလောင်တဲ့ နွေရာသီအတွင်း၊ ပင်ပန်းမှုနဲ့ စိတ်ဖိစီးမှုတွေကြောင့် “နည်းနည်းအနားယူချင်တယ်၊ လေတဖြူးဖြူးနဲ့ အေးချမ်းနေချင်တယ်” ဆိုတဲ့ ခံစားချက်က သူမရဲ့ ဒီဇိုင်းတွေအတွက် အစပျိုးနိုင်ခဲ့တာ ဖြစ်လာတယ်တဲ့။ 

          အဲ့ဒီအကြောင်းကို သူမရဲ့ Presentation ထဲမှာ အသက်သွင်းပြောပြခဲ့လို့၊ ကြည့်သူနားထောင်နေသူတိုင်းအတွက်လဲ “အေးချမ်းတယ်၊ သက်သာတယ်” ဆိုတဲ့ ခံစားချက်ကို တစ်ခဏအတွက်ပဲ ဖြစ်ဖြစ် ပေးသွားနိုင်ခဲ့လို့ ပူပြင်းတဲ့ နွေရာသီရဲ့ လေပူပူထဲမှာတောင် အေးချမ်းသွားစေတဲ့အထိ သူမရဲ့ Storytelling က ဆွဲဆောင်မှုရှိခဲ့တယ်။ 

          နိဂုံးချုပ်အနေနဲ့

          Fashion Design ဆိုတာ ကိုယ့်ရဲ့ စိတ်ကူးတွေကို ပုံဖော်တာပါ။ အထူးသဖြင့် ဒီ Capsule Collection တွေက ကျောင်းသူတွေရဲ့ ဖန်တီးနိုင်စွမ်းကို လက်တွေ့ကျကျ စတင်ပြသဖို့ အကောင်းဆုံး နည်းလမ်းပဲ။

          1. သေးငယ်စွာစတင်ပါ (Start Small)

          အကြီးစား Collection တွေ ချက်ချင်း ဖန်တီးဖို့ မကြိုးစားပါနဲ့။ ဒီ 5-8 Look Capsule Collection ကို သေချာ ဂရုစိုက်ပြီး ဖန်တီးကြည့်ပါ။ ဒါက အားလုံးကို အခြေခံခိုင်မာစေပါလိမ့်မယ်။

          1. လေ့လာပါ၊လေ့ကျင့်ပါ (Learn & Practice)

          အောင်မြင်တဲ့ ဒီဇိုင်နာတွေရဲ့ Capsule Collection တွေကို လေ့လာပါ။ သူတို့ ဘယ်လို စိတ်ကူးရတယ်၊ ဘယ်လို ပေါင်းစပ်ဖန်တီးတယ်ဆိုတာမျိုးပေါ့။ ပြီးရင် ကိုယ်တိုင် လက်တွေ့ လေ့ကျင့်ကြည့်ပါ။

          1. စိတ်အားထက်သန်မှု (Passion)

          ကိုယ်တကယ် ဝါသနာပါတဲ့ အရာကို ဖန်တီးပါ။ ဝါသနာပါမှ ဒီဇိုင်းတွေက အသက်ဝင်ပြီး တောက်ပလာပါလိမ့်မယ်။

          ဒီ Capsule Collection ဖန်တီးခြင်းနည်းလမ်းတွေက ကိုယ့်ရဲ့ Fashion Journey အတွက် ခိုင်မာတဲ့ အုတ်မြစ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ အမ ယုံကြည်ပါတယ်။ ကဲ ဒါဆို အားလုံးဘဲ ဖက်ရှင်လောကမှာ ထူးခြားတဲ့ ဒီဇိုင်နာကောင်းတွေ ဖြစ်လာကြပါစေလို့ အမ ဆုတောင်းပေးလိုက်ပါတယ်။

          Leave a Reply

          Your email address will not be published. Required fields are marked *